Social Icons

Pages

Monday, August 19, 2013

ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ဆန်တန်ချိန် ၅ သောင်း ထပ်မံ တင်ပို့နိုင်ရန် ဆောင်ရွက်နေ


ရန်ကုန် ၊ ၁၉-၈-၂၀၁၃

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ဂျပန်နိုင်ငံ သို့ ဒုတိယအကြိမ် ဆန်တန်ချိန် ၅ သောင်း ထပ်မံ တင်ပို့နိုင်ရန် ဂျပန်နိုင်ငံ မှ တာဝန်ရှိ သူများနှင့် မကြာမီ ဆွေးနွေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူထံမှ သိရသည်။

ဂျပန်နိုင်ငံသို့ တင်ပို့မည့် ဆန်များသည် ဇီဝ ၊ ဗီဇ ပြုပြင်မှုဖြင့် စိုက်ပျိုး ထုတ်လုပ် ထားခြင်း မဟုတ်ဘဲ သက်သေခံ Non GMO စစ်ဆေးမှု ၊ ဓာတုဆေးဝါး နှင့် ပိုးသတ်ဆေး ဓာတ်ကြွင်း စစ်ဆေးမှု အမျိုးပေါင်း ၂၅၇ မျိုးကို အဆင့်ဆင့် အောင်မြင်မှသာ တင်ပို့ ရသောကြောင့် ယခု ဒုတိယ အကြိမ် တင်ပို့မှုတွင်လည်း အလားတူ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။


" ဒီတစ်ခါ ဆန်တန်ချိန် ၅ သောင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ နဲ့ ဖေဖော်ဝါရီလ လောက်မှာ တင်ပို့နိုင်အောင် ဂျပန်နိုင်ငံ က တာဝန် ရှိတဲ့သူတွေနဲ့ ဆွေးနွေးဖို့ စီစဉ် နေပါတယ် ... " ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ဂျပန်နိုင်ငံ တွင် မြန်မာနိုင်ငံ မှ စိုက်ပျိုး တင်ပို့သော ဆင်းသွယ်လတ် ဆန်နှင့် မှော်ဘီဆန် အမျိုးအစား များသည် ဈေးကွက်တွင် လူကြိုက် များသောကြောင့် ဂျပန်နိုင်ငံ မှ ကမ်းလှမ်း လာ၍ စတင် တင်ပို့ခဲ့ပြီး ဥရောပ ဈေးကွက်သို့လည်း အရည်အသွေးမြင့် ဆန်များ တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...