Social Icons

Pages

Saturday, August 17, 2013

ပြည်တွင်း နိုင်ငံပိုင် ဘိလပ်မြေစက်ရုံများနှင့် ပူးပေါင်း လုပ်ကိုင်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၅၂ ခုလျှောက်လွှာတင်


ရန်ကုန် ၊ ၁၇-၈-၂၀၁၃

ပြည်တွင်း နိုင်ငံပိုင် ဘိလပ်မြေ စက်ရုံများနှင့် ပူးပေါင်း လုပ်ကိုင်ရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၅၂ ခုမှ လျှောက်လွှာများ တင်ထားကြောင်း အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ " သြဂုတ်လ ပထမပတ် ကစပြီး ကုမ္ပဏီ တွေကို ဖိတ်ကြား ရှင်းလင်း တင်ပြပြီး ပါပြီ ၊ အဆိုပြုချက် တွေကို စက်တင်ဘာလ အတွင်း အပြီးသတ် တင်ပြရမှာ ဖြစ်ပါတယ် ၊ ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက် ကို အပြည့်အ၀ မဖြည့်ပေး နိုင်ရခြင်းက နည်းပညာ နဲ့ စွမ်းအင် အခက်အခဲ တွေကြောင့်ပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်း လုပ်ဆောင်ခြင်း သည် ပြည်တွင်း၌ ဘိလပ်မြေ လိုအပ်ချက် မြင့်တက်လျက် ရှိကြောင်း ၊ ထို့အပြင် သရက် ၊ ကြံခင်း ၊ ကျောက်ဆည် မြို့များရှိ နိုင်ငံပိုင် ဘိလပ်မြေ စက်ရုံ ၃ရုံ လုပ်ငန်း လည်ပတ်မှု အခက်အခဲ များကို ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ပိုင် ဘိလပ်မြေ စက်ရုံလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ ထုတ်လုပ်မှုတွင် သရက် ဘိလပ်မြေ စက်ရုံမှ တစ်ရက်လျှင် တန် ၅၀၀ ခန့် ၊ ကြံခင်း ဘိလပ်မြေ စက်ရုံမှ တန် ၁၀၀၀ ၀န်းကျင် ၊ ကျောက်ဆည် ဘိလပ်မြေ စက်ရုံမှ တန် ၃၀၀ ၀န်းကျင်သာ ထုတ်လုပ် နိုင်ကြောင်း ပြည်တွင်း၌ ဘိလပ်မြေ လိုအပ်မှုသည် ၂၀၁၄ ခုနှစ်တွင် တန်ချိန် ဆယ်သိန်းကျော် သွားနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံ တွင် ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၁၅ ခုခန့်ရှိပြီး ပြည်တွင်း ဈေးကွက်၌ ထိုင်းနိုင်ငံ မှ ဆင်တံဆိပ် ၊ အန်ဇီးတံဆိပ် ဘိလပ်မြေ များ ရောင်းချရဆုံး ဖြစ်နေကြောင်း ၊ ယင်းအတွက် ပြည်တွင်း၌ ထုတ်လုပ် နိုင်အောင် ထိုင်းနိုင်ငံ မှ ဆင်တံဆိပ် ( SCG ) ဘိလပ်မြေ လုပ်ငန်းကို စက်ရုံ တည်ဆောက်ခွင့် ရရှိထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...