Social Icons

Pages

Monday, July 22, 2013

ရန်ကုန်ဈေးကွက်တွင် အခွန်အမှတ်တံဆိပ် နှင့် ကျန်းမာရေး သတိပေးစာတန်း မပါသော စီးကရက်မျိုးစုံ ရောင်းချနေကြောင်း သိရ


ရန်ကုန် ၊ ၂၂-၇-၂၀၁၃

မြန်မာနိုင်ငံ ၏ လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်မြို့ ရှိ ဈေးဆိုင်ကြီး များတွင် အခွန် အမှတ်တံဆိပ် နှင့် ကျန်းမာရေး သတိပေး စာတန်း မပါသော စီးကရက်များ ကို ရောင်းချနေကြောင်း သိရသည်။

ရန်ကုန် ဈေးကွက်တွင် ဆေးလိပ် အမျိုးပေါင်း ၃၀ ကျော် တင်သွင်း ရောင်းချ နေသော်လည်း ပြည်တွင်း ဥပဒေ ပြဌာန်းချက် များနှင့် လိုက်လျော ညီထွေမှု မရှိသည့် အပြင် အခွန် အမှတ်တံဆိပ် များမပါဘဲ နေရာ အနှံ့အပြား တွင် ရောင်းချ နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်ရာတွင် ကျန်းမာရေး ကို ထိခိုက်စေပြီး ဇိမ်ခံ ပစ္စည်း ဖြစ်သော စီးကရက် ကို အခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ထားကြောင်း အခွန် ဦးစီးဌာန မှ သိရသည်။ မြန်မာနိုင်ငံ တွင် တရားမ၀င် တင်သွင်း ရောင်းချမှု များသော ကုန်ပစ္စည်း များထဲတွင် စီးကရက်ဘူး များစွာ ရှိနေပြီး နိုင်ငံ၏ ကုန်သွယ်ရေး လုပ်ငန်းခွင် တွင် အခြား ဇိမ်ခံ ပစ္စည်းများ ဖြစ်သော ကွမ်းစားဆေး ၊ အရက် ၊ ဘီယာမျိုးစုံ တို့ကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံကြောင်း သိရသည်။

ကျန်းမာရေး နှင့် မညီညွတ်သော အစားအသောက် များကို စစ်ဆေး သိမ်းဆည်းရန်မှာ မြို့နယ် ကျန်းမာရေး ဌာန၏ အဓိက တာဝန်ရှိပြီး အခြား သက်ဆိုင်ရာ မြို့နယ် စည်ပင် ၊ အခွန်ဌာန များတွင်လည်း တာဝန်ရှိ သောကြောင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်း နေကြောင်း ပြည်သူ့ ကျန်းမာရေး ဆောင်ရွက် နေသူများက ပြောကြား သည်။


မြန်မာနိုင်ငံ အနေဖြင့် ဆေးရွက်ကြီး ၊ ဆေးလိပ် နှင့် သက်ဆိုင်သော ကိစ္စများ ၌ နိုင်ငံတကာ အဖွဲ့အစည်း များတွင် လက်မှတ် ရေးထိုး ထားသော်လည်း ကိုင်တွယ် ဆောင်ရွက်မှု များတွင် အားနည်းနေပြီး စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် စီးကရက် ကြော်ငြာများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ပိတ်ပင် ထားသော်လည်း ကားမှတ်တိုင် များ ၊ ကွမ်းယာဆိုင် များတွင် ဗီနိုင်းများကို အသုံးပြု၍ အဆက်မပြတ် ကြော်ငြာ ရောင်းချ နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...