Social Icons

Pages

Monday, July 22, 2013

နည်းပညာတက္ကသိုလ်များ၏ နောက်ဆုံးစာမေးပွဲ မေးခွန်းကို စာစစ်ဌာနဇုန် ၇ ဇုန်မှ ပေးပို့သည့် မေးခွန်း ၇ စုံမှ ပြန်လည် ရွေးချယ်မည်


ရန်ကုန် ၊ ၂၂-၇-၂၀၁၃

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ နည်းပညာ တက္ကသိုလ် များ၏ စက်တင်ဘာလ ၉ ရက်တွင် ဖြေဆိုရမည့် နောက်ဆုံး စာမေးပွဲ မေးခွန်းများကို ယခုနှစ်မှ စ၍ စာစစ်ဌာန ဇုန် ၇ ဇုန်မှ ပေးပို့သည့် မေးခွန်း ၇ စုံထဲမှ ပြန်လည် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနဇုန် ၇ ဇုန်မှာ မှော်ဘီ ၊ လှိုင်သာယာ ၊ သန်လျင် ၊ မန္တလေး ၊ ပြည် ၊ မုံရွာ နှင့် အေးသာယာ နည်းပညာ တက္ကသိုလ်များ ဖြစ်ကြပြီး ယင်း စာစစ်ဌာန များမှ ဆရာ ဆရာမများက သက်ဆိုင်ရာ မေဂျာအလိုက် မေးခွန်း တစ်စုံစီ ပေးပို့ ရမည် ဖြစ်သည်။ စုစုပေါင်း မေးခွန်း ၇ စုံထဲမှ တစ်နိုင်ငံလုံး ရှိ ကျောင်းသား ကျောင်းသူ များအတွက် မေးခွန်း တစ်စုံ ပြန်လည် ရွေးထုတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် စာမေးပွဲ မေးခွန်းများကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန စက်မှု နှင့် သက်မွေး ပညာဦးစီးဌာန မှ သက်ဆိုင်ရာ တာဝန်ရှိ သူများက မေးခွန်း ထုတ်ခဲ့ပြီး ယခုနှစ် ဒုတိယနှစ်ဝက် စာမေးပွဲမှ စတင်၍ စာစစ်ဌာန များက ပေးပို့လာသည့် မေးခွန်း ၇ စုံကို ရောမွှေ၍ တစ်နိုင်ငံလုံး အတွက် ဦးစီးဌာန မှ တစ်စုံ ပြန်ထုတ်ယူမည် ဖြစ်သည်။ ယခုကဲ့သို့ စံသတ်မှတ် မေးခွန်းများ ကို ယခင် ပညာရေး စနစ်ခေတ် ကာလက နည်းပညာ တက္ကသိုလ် များတွင် ဘာသာရပ် တစ်ခုကို စံသတ်မှတ်ချက် ၁၀ စုံ ထားရှိကြောင်း သိရသည်။


" ကျွန်တော်တို့ တက္ကသိုလ် တွေကနေ မေးခွန်း တစ်စုံစီ မေးရတယ် ၊ မေးခွန်းထုတ်တဲ့ စနစ်ကတော့ ပြောင်းလိုက် ပြင်လိုက်ပါပဲ ၊ ဒီနှစ် Unseen ၂၀ မှတ်ဖိုး ထည့်ခိုင်းတယ် ၊ တစ်စုံကို Unseen ၂၀ မှတ်ဖိုး နဲ့ မေးခွန်း ပြန်ရွေးတဲ့ သူက ရောမွှေ မှာဆိုတော့ ၁၀၀ မှတ်ဖိုးလုံးလည်း Unseen ပါနိုင်သလို ပါချင်မှလည်း ပါမယ် ... " ဟု နည်းပညာ တက္ကသိုလ် မှ မေးခွန်း ထုတ်ရသည့် ဆရာတစ်ဦး က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...