Social Icons

Pages

Monday, July 1, 2013

အထပ်မြင့်များ တည်ဆောက်သွားမည့် ဗိုလ်ချုပ်ဈေးသစ် နေရာဟောင်းအား စတင်ဖြိုဖျက်


ရန်ကုန် ၊ ၁-၇-၂၀၁၃

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ကြီးကြပ်ပြီး ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီက တာဝန်ယူ ကာ နိုင်ငံတကာ အဆင့်မီ အထပ်မြင့် အဆောက်အအုံ များ တည်ဆောက် ပေးသွားမည့် ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းပေါ်ရှိ ဗိုလ်ချုပ် ဈေးသစ် နေရာဟောင်း ကို လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် စတင် ဖြိုဖျက် နေပြီ ဖြစ်သည်ကို တွေ့ရသည်။

အဆိုပါ ဈေးမှ ဆိုင်ခန်းများ အားလုံးကို အသစ် ဆောက်လုပ် ပေးထားသော ရွှေတိဂုံလမ်း နှင့် အနော်ရထာ လမ်းထောင့်ရှိ ဆိုင်ခန်းပေါင်း ၄၃၆ ခန်းပါ ယာယီ ဗိုလ်ချုပ်ဈေးသစ် တွင် ပြန်လည် နေရာချထားပြီး ယခုအခါ အရောင်းအ၀ယ် များ စတင် လုပ်ဆောင် နေကြပြီ ဖြစ်သည်။ ဈေးဟောင်း နေရာနှင့် အနီး ပတ်ဝန်းကျင် နေရာများတွင် စင်ကာပူ နိုင်ငံမှ ကျွမ်းကျင် ဆောက်လုပ်ရေး ဒီဇိုင်း ပညာရှင် များက ပုံစံထုတ် ပေးထားသော ၂၃ ထပ် ၊ ၂၅ ထပ် နှင့် ၂၈ ထပ် စသည်ဖြင့် အသီးသီး ပါဝင်သော နိုင်ငံတကာ အဆင့်မီ အဆောက်အအုံ များကို ဆောက်လုပ် သွားမည် ဖြစ်ပြီး ထို အဆောက်အအုံ များ တည်ဆောက် ပြီးစီး သွားပါက ယခု ယာယီ ဈေးသစ်သို့ ပြောင်းရွှေ့ ပေးထားသော ဈေးဆိုင်ခန်း များအားလုံးကို အဆောက်အအုံ၏ မြေညီထပ် တွင် ပြန်လည် နေရာချထား ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ မှ ဆောက်လုပ် ပေးမည့် အဆောက်အအုံ သစ်များတွင် စူပါမားကက်များ ၊ ကုမ္ပဏီ ရုံးခန်းများ ၊ လူနေတိုက်ခန်း များ ၊ ကလေး ကစားကွင်းများ ၊ အားကစား ခန်းမများ ၊ ဟိုတယ်များ ၊ စားသောက်ဆိုင်များ နှင့် ကားရပ်နားရန် နေရာများ စသည်ဖြင့် အားလုံး စုံစုံလင်လင် ပါရှိမည် ဖြစ်သည်။


ထိုသို့ တည်ဆောက် ပေးသည့်အတွက် ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ က စုစုပေါင်း အဆောက်အအုံ ကြမ်းခင်း ဧရိယာ၏ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...