၂၉-၆-၂၀၁၃
ငါးမည်းလုံး ၊ ဆော်လမွန်ငါး ၊ ငါးသေတ္တာငါး
သို့မဟုတ် အခြား အဆီဓာတ် ကြွယ်ဝသော ငါးများကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်
စားသုံးခြင်းသည် အမျိုးသမီး များ၌ ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ချ ပေးနိုင်ကြောင်း
ဗြိတိန်နိုင်ငံ ထုတ် ဆေးပညာ ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။
ယခင် လေ့လာ ဆန်းစစ်မှုများ ပြုလုပ် ထားသည့်
အမေရိကန် ၊ ဥရောပ နှင့် အာရှနိုင်ငံ များမှ လူဦးရေ ၈ သိန်းကျော်၏ စားသောက်မှု အလေ့အထ
မှတ်တမ်း ၂၆ ခုကို တရုတ် အခြေစိုက် သုတေသန ပညာရှင်များက ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ
အဆီဓာတ် ကြွယ်ဝသော ငါးများကို စားသုံးသူများ တွင် ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်
ကို လျှော့ချပေးနိုင် ကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။
အဆီဓာတ် ကြွယ်ဝသော ငါးများတွင် n
-3 PUFAs အမည်ရှိ အက်စစ်ဓာတ်များ ကြွယ်ဝစွာ ပါရှိပြီး ၄င်း အက်စစ်သည် ကိုယ်ခံအား စနစ်
၊ သွေးကြော လှုပ်ရှားမှု များနှင် အာရုံကြော မှ တစ်ဆင့် ဦးနှောက်အတွင်း သတင်းပေးပို့
မှုများကို လုပ်ဆောင်ရာတွင် များစွာ အကျိုးပြုကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။
အဆိုပါ n -3 PUFAs အက်စစ်ဓာတ်တွင်
EPA ၊ DPA ၊ DHA နှင့် ALA စသည့် အုပ်စုဝင်များ
ပါရှိပြီး ၄င်းအုပ်စုများ ကို အဆီဓာတ် ကြွယ်ဝသော ငါးများ ၊ အခွံမာ အသီးများ ၊ အစေ့များ
နှင့် ဟင်းသီးဟင်းရွက် များတွင် အဓိက အားဖြင့် တွေ့ရှိရကြောင်း သိရသည်။ ထို့ကြောင့်
n -3 PUFAs အက်စစ်ဓာတ် များစွာ ပါရှိသည့် အစားအစာ များကို စားသုံးသည့် အမျိုးသမီး များနှင့်
၎င်း အစားအစာ များကို အနည်းငယ်သာ စားသုံးသည့် အမျိုးသမီးများ အား နှိုင်းယှဉ်၍ ပညာရှင်
များက လေ့လာခဲ့ရာ ယင်းအစားအစာ များကို ပုံမှန် စားသုံးသည့် အမျိုးသမီး များတွင် ရင်သား
ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် သည် ၁၄ ရာခိုင်နှုန်း ထိ လျှော့ကလျက် ရှိကြောင်း လေ့လာာ တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။


No comments:
Post a Comment