Social Icons

Pages

Sunday, May 5, 2013

တိုင်းဒေသကြီး ၀န်ကြီးချုပ် မုံရွာမြို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ကြည့်ရှုစစ်ဆေး



မုံရွာ ၊ ၅-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျှက် မေလ ၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့ အားကစားကွင်း လေပြင်း တိုက်ခတ်မှု ကြောင့် အထူး ပွဲကြည့်စင် ခေါင်မိုးများ ပျက်စီးမှု ၊ ရတနာပုံ ရပ်ကွက်ရှိ အမှတ်(၁၃) အခြေခံ ပညာ မူလတန်းကျောင်း ၊ ကျောင်းဆောင် ပျက်စီးမှု ၊ သလ္လာ ရပ်ကွက် အမှတ်(၁၄) အခြေခံ ပညာ မူလတန်းကျောင်း ၊ ၂ ထပ် ကျောင်းဆောင်သစ် အမိုးများ ပျက်စီးမှု တို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ရှိ သူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် တာဝန်ရှိ သူများသည် မုံရွာမြို့တွင် လမ်းဘေး ၀ဲ - ယာ သစ်ပင်များ ၊ လျှပ်စစ် ဓာတ်မီးတိုင် များ ၊ ဓာတ်ကြိုးများ ၊ တယ်လီဖုန်း တိုင်များ ၊ ကြိုးများ လဲကျ ပျက်စီးနေမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးကာ အပျက်အစီး များကို ဖယ်ရှား ရှင်းလင်းပြီး အမြန်ဆုံး ပြုပြင် တင်ဆင်နိုင်ရန် ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများကို မှာကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...