Social Icons

Pages

Saturday, May 25, 2013

ကာလရှည်ချေးငွေ မျှော်လင့်နေသည့် တောင်သူလယ်သမားများ




ရန်ကုန် ၊ ၂၅-၅-၂၀၁၃

နိုင်ငံတော်မှ ကာလရှည် စီမံကိန်း နှင့် ချေးငွေ ထုတ်ပေးရန် တောင်သူ လယ်သမားများ တို့က မျှော်လင့် နေကြကြောင်း သိရသည်။ လက်ရှိ နိုင်ငံတော် မှ ထုတ်ချေး ပေးသော စိုက်ပျိုးစရိတ် ချေးငွေ များမှာ ကာလတို ချေးငွေ စနစ် ဖြစ်သည့်အတွက် တောင်သူ လယ်သမား များမှ ပြန်လည် ပေးဆပ်ရာ၌ အခက်အခဲများ ဖြစ်ပေါ် စေပြီးနောက် ယခုကဲ့သို့ ကာလရှည် စီမံကိန်း များဖြင့် ထုတ်ချေး ပေးနိုင်ရန် မျှော်လင့် လာခြင်း ဖြစ်ကြောင်း သိရသည်။

ချေးငွေကို ပြန်ဆပ်ရသည့် ကာလမှ တိုးတောင်း သဖြင့် စပါး နှင့် သီးနှံ ပေါ်ချိန်များတွင် တောင်သူများ လက်ဝယ် ကိုင်ထား နိုင်ခြင်း မရှိဘဲ ချေးပေ ပြန်ဆပ် နိုင်ရန်အတွက် ရသည့်ဈေးဖြင့် အမြန် ပြန်ရောင်းကြ ရခြင်း ကြောင့် ရသင့်သည့် အကျိုးအမြတ် မရရှိကြောင်း တောင်သူ ဦးကြီးများထံမှ သိရသည်။

နိုင်ငံတော်မှ ထုတ်ချေး ပေးနေသော ချေးငွေများမှာ သီးနှံပေါ်ချိန် တွင် ပြန်လည် ပေးဆပ် ရခြင်းကြောင့် သီနှံများ သိုလှောင် မထားနိုင်ခြင်း ၊ သီနှံပေါ်ချိန် တွင် ဈေးနှုန်းများ ကျဆင်းတတ်ပြီး ဈေးကောင်း ရရှိနိုင်ရန် စောင့်ဆိုင်းချိန် မရရှိခြင်း စသည့် အချက်များကြောင့် ကာလရှည် ချေးငွေ စီမံကိန်း မျှော်လျင့် လာရခြင်း ဖြစ်ကြောင်း တောင်သူများက ပြောဆိုသည်။ တောင်သူ လယ်သမား များသို့ နိုင်ငံတော်မှ ချေးငွေများကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ပေးခဲ့ပြီး ၊ ပြီးခဲ့သည့် စပါးရာသီ ချိန်တွင် တစ်ဧကလျှင် ကျပ်ငွေ ၅ သောင်းနှုန်း ၊ အခြားသီးနှံများ အတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း ထုတ်ချေး ပေးခဲ့သည်။


၂၀၁၃ -၂၀၁၄ ခုနှစ် စိုက်ပျိုးရေး ရာသီချိန်တွင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်စရိတ် ချေးငွေကျပ် ၁၄၀၀ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်ပြီး စပါးစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ ကြံစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ အခြား သီနှံများ အတွက် တစ်ဧကလျှင် ကျပ် နှစ်သောင်း နှုန်း ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...