Pages

Monday, October 10, 2016

မြစ်ကမ်းပါးနိမ့်ဆင်းမှုနှင့် မြေသားအက်ကြောင်းများ ဖြစ်ပေါ်လျက်ရှိသည့် နေရာများမှ ဒေသခံပြည်သူ များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၊ ၁၀-၁၀-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်၊ တိုးမြစ်၊ ဧရာဝတီမြစ် နှင့် တွံတေးတူးမြောင်း ဆုံရာ ရွှေလှေချောင် ကျေးရွာတွင် အောက်တိုဘာ ၈ ရက်ညပိုင်းက မြစ်ကမ်းပါးနှင့် မီတာ ၁ဝဝ ခန့်အကွာထိ မြေသားများ အောက်ဘက်သို့ ၁ ပေခန့် နိမ့်ဆင်းသွား ခဲ့ပြီး အဆိုပါနေရာ နှင့် တစ်ဆက်တည်း မီတာ ၆၇ဝ ခန့် အရှည်ရှိ မြေသား အက်ကြောင်း ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် အဆိုပါ နေရာတွင် နေထိုင်လျက် ရှိသည့်အိမ်ထောင်စု ၁ဝ စု၊ လူဦးရေ ၄၈ ဦးနှင့် ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဘေးလွတ်ရာ ရတနာ ဃရဓမ္မာရုံနှင့် တွံတေးဝ ဘုရားကြီး ကျောင်းတိုက်သို့ ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment