Pages

Thursday, October 13, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ် ၊ ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီး


ဝါးပိတ်ကျေးရွာ အား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ များ မီးရှို့ဖျက်ဆီးသွား သည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ အိမ်ထောင်သည် လိုင်းခန်းအား ယမန်နေ့ နံနက် ၁ဝ နာရီခန့်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ငါးဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက် တောင်ကုန်း မှ လက်နက်ငယ် များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

လာရောက် ပစ်ခတ် တိုက်ခိုက်သည့် နေရာအား တပ်မတော် စစ်ကြောင်းမှ လိုက်လံ ရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များသည် ဝါးပိတ်ကျေးရွာ မှတစ်ဆင့် အရှေ့တောင်ဘက် သို့ ဆုတ်ခွာ ထွက်ပြေး သွားသည်။

ဝါးပိတ်ကျေးရွာ အတွင်း တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များက ကျေးရွာအား မီးရှို့ ထွက်ပြေးသွား သဖြင့် တပ်မတော် စစ်ကြောင်းက ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ပေး ခဲ့သည်။

ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး အဆိုပါနယ်မြေ အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment