၎-၉-၂၀၁၃
ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် ၏
ဆီးရီးယား အီလက်ထရောနစ် တပ်(SEA) သည် အမေရိကန် မရိန်းတပ်ဖွဲ့၏ အင်တာနက် ဝက်ဘ်ဆိုက်
တစ်ခုဖြစ်သည့် www.marines.com ဝက်ဘ်ဆိုက် ကို စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆိုက်ဘာ
တိုက်ခိုက်မှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်ဒါ အကြမ်းဖက် အုပ်စုများကို အကူအညီ အထောက်အပံ့များ
ပေးနေမည့် အစား ဆီးရီးယား အစိုးရ တပ်ဖွဲ့များ နှင့် အတူယှဉ်တွဲ၍ အယ်လ်ကိုင်ဒါ အကြမ်းဖက်
အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် အမေရိကန် စစ်သား များကို ကြိုဆိုပါကြောင်း ရေးသားသည့်
မက်ဆေ့ခ်ျ တစ်စောင်ကို ၄င်း ဝက်ဘ်ဆိုက်တွင် တင်ထားခဲ့ သည်ဟု စက်တင်ဘာ ၃ ရက်က CNA သတင်းဌာန၏
Newsnow အစီအစဉ် တစ်ရပ်မှ သိရသည်။
အဆိုပါ မက်ဆေ့ခ်ျ ထဲတွင်
" ချစ်လှစွာသော အမေရိကန် မရိန်း
တပ်သားများ ၊ လွန်ခဲ့သည့် ၃ နှစ် ကတည်းက အယ်လ်ကိုင်ဒါ အကြမ်းဖက် သမားများကို တိုက်ခိုက်
နေခဲ့သည့် ဆီးရီးယား တပ်မတော် မှ မင်းတို့ရဲ့ ညီအစ်ကို များက ၄င်းစာကို ရေးသား ခဲ့ခြင်း
ဖြစ်ကြောင်း ၊ မင်းတို့ရဲ့ မျိုးချစ်စိတ် နှင့် နိုင်ငံချစ်စိတ် ကို နားလည် ပါကြောင်း
၊ အယ်လ်ကိုင်ဒါ အကြမ်းဖက် သမားများကို ကယ်ဆယ်ရန် အတွက် မင်းတို့ကို အန္တရာယ် ရှိတဲ့
နေရာသို့ စေလွှတ်ခဲ့သည့် အိုဘားမား သည် သစ္စာဖောက် တစ်ယောက်သာ ဖြစ်ကြောင်း ၊ ဆီးရီးယား
တွင် ဆန့်ကျင် တိုက်ခိုက် နေသည့် အယ်လ်ကိုင်ဒါ များနှင့် အိုဘားမား ၏ မဟာမိတ် ပြုထားမှု
များကို မင်းတို့ ထည့်သွင်း စဉ်းစား ကြည့်စေလို ကြောင်း ၊ မင်းတို့လိုပဲ အမိ နိုင်ငံကို
ကာကွယ်နေသည့် စစ်သားများ ကို တိုက်ခိုက်ရန် အတွက် မင်းတို့၏ အသက်ကို ဆုံးရှုံးစေရန်
စေလွှတ် နေမှုနှင့် ပတ်သက်၍ မင်းတို့ရဲ့ အထက်အရာရှိ များက စိုးရိမ် ပူပန်မှု မရှိကြောင်း
နှင့် ဘုံရန်သူ ကိုသာ တိုက်ခိုက် ရမည် ဖြစ်ကြောင်း ၊ ဆီးရီးယား တပ်မတော်သည် မင်းတို့ရဲ့
ရန်သူမဟုတ် ၊ မိတ်ဆွေ များသာ ဖြစ်ကြောင်း ၊ စစ်သားတိုင်း သည် ၄င်းတို့၏ အမိနိုင်ငံ
ကို ကာကွယ်ရန် အတွက် စစ်သား ဖြစ်လာခြင်း ဆိုသည့် လက်တွေ့ ကျသည့် ရည်ရွယ်ချက် အပေါ် အာရုံစိုက်
၍ မင်းတို့ကို တိုက်ခိုက်ရန် အမိန့်ပေး လာပါက ၄င်းအမိန့်ကို ငြင်းဆန် သင့်ကြောင်း ၊
အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို အားပေး၍ ငါတို့ကို တိုက်ခိုက်မည့် အစား ငါတို့နှင့်
ပူးပေါင်း၍ အယ်လ်ကိုင်ဒါ တို့ကို တိုက်ခိုက်မည့် မင်းတို့ မရိန်း တပ်ဖွဲ့ကို အထူး ကြိုဆို
ပါကြောင်း ..... "
နှင့် ၄င်းစာကို SEA မှ ရေးသား ပေးပို့ခြင်း
ဖြစ်သည်ဟု ဖော်ပြ ထားသည်။ ထို့အပြင် ၄င်း စာထဲတွင် အမေရိကန် စစ်ဘက် ၀တ်စုံများကို ၀တ်ဆင်
ထားပြီး " ဆီးရီးယား ရှိ အယ်လ်ကိုင်ဒါ အကြမ်းဖက် သမားများ အတွက် တိုက်မည် မဟုတ်
" ဆိုသည့် စာကို ကိုင်၍ ၄င်းတို့၏ မျက်နှာ များကို ဖုံးကွယ် ထားသည့် ဓာတ်ပုံ ၆
ပုံကိုလည်း ဖော်ပြ ထားကြောင်း သိရှိရသည်။

No comments:
Post a Comment