ရန်ကုန် ၊ ၄-၉-၂၀၁၃
ပြီးခဲ့သည့် နွေရာသီက ရေခန်း ခြောက်ခြင်း
တို့နှင့် ကြုံတွေ့ ခဲ့ရသည့် အင်းလေးကန်ကို သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း ဖွံ့ဖြိုး တိုးတက်ရေး
ရေခန်းခြောက်မှု အား လျှော့ချရေး တို့အတွက် ကမ္ဘာ့ ပတ်ဝန်းကိင် ထိန်းသိမ်းရေး အဖွဲ့ ဖြစ်သော
Hapitae မှ ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။
'' Hapitae က သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း
ဖွံ့ဖြိုးရေး အတွက် ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ် ၊ အင်းလေးကန် ရဲ့ အဖိုးမဖြတ်
နိုင်တဲ့ သဘာဝ သယံဇာတတွေ မရှုံးဆုံး စေဖို့ အချိန်မီ ကာကွယ်ရန် အတွက် ယခုလို လာရောက်
ကူညီရတာပါ ... '' ဟု အင်းစာပေ နှင့် ယဉ်ကျေးမှု ဌာနမှ ဥက္ကဋ္ဌ ဦးသာဒိုးက ပြောသည်။
ယခုအချိန်သည် အင်းလေးကန်၌ ရေဝင်ရောက်မှုမှာ
ပုံမှန် ဖြစ်နေသော်လည်း နိုဝင်ဘာလ အကုန်ပိုင်းမှ စတင်ကာ ရေခန်းခြောက်မှု များ နှစ်စဉ်ကြုံတွေ့
နေရခြင်းကို Hapitae မှ ကူညီ ပေးမည်ဖြစ် ယခုအချိန်တွင် စီမံကိန်းများ ရေးဆွဲနေကြောင်း
နှင့် ၄င်း စီမံကိန်း ကို သစ်တောရေးရာ ၀န်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု
သိရသည်။
''အခု ဆွေးနွေးမှုများ ပြုလုပ်နေပါ ပြီ။
Hapitae က ကူညီမှာ ဆိုတော့ ကြိုဆိုပါတယ် ၊ ဒါပေမဲ့ တကယ်လုပ် ဖို့တော့ လိုအပ်ပါတယ် ၊
အင်းလေးကန် ဟာ တစ်ဦးတစ်ယောက် ထဲ ပြုပြင် ပြောင်းလဲလို့ မရဘူး ၊ အစိုးရအဖွဲ့ အစည်းတွေ
အပြင် နိုင်ငံတကာမှ ပညာရှင်များ နဲ့ ဒေသခံများ အားလုံး ပူးပေါင်းပြီး ဆောင်ရွက် ရမှာပါ
... '' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
UN Hapitae သည် နိုင်ငံတကာမှ ပညာရှင်များ
နှင့် ယခုလမှ စတင်ကာ သစ်တောရေးရာ ဝန်ကြီးဌာနနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်
ရှိပြီး စီမံကိန်းများ ရေးဆွဲ သွားမည် ဖြစ်ပြီး နိုင်ငံတော် အစိုးရမှလည်း ပံ့ပိုးကူညီမှုများ
ပေးအပ် သွားမည် ဟု သိရှိရသည်။

No comments:
Post a Comment