ရန်ကုန် ၊ ၄-၉-၂၀၁၃
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း
( MCPA ) မှ ကြီးမှူး၍ တတိယ အကြိမ် Developer Conference ( DevCon 2013 - Yangon )
ကို " Leap for Ward " Theme အဖြစ် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄
ရက်တို့တွင် MICT Park ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ Developer Conference
( DevCon 2013 - Yangon ) ကို ပြုလုပ် ရခြင်းမှာ ကွန်ပျူတာ ပညာရှင်များ အကြား အိုင်တီ
အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အသိပညာများ ဖလှယ်ရန် ၊ အိုင်တီ အသုံးချ
Software ကောင်းများ တီထွင် ဖန်တီး ရေးသား နိုင်သည့် Developer များ ပေါ်ထွက် လာစေရန်
၊ ICT Developer ဖြစ်လို သူများအတွက် နည်းလမ်း ကောင်းများ ချမှတ် နိုင်ရန် ရည်ရွယ်၍
ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA) ၏ သတင်း ထုတ်ပြန်ချက်
တွင် ဖော်ပြ ထားကြောင်း သိရသည်။
Developer Conference ( DevCon
2013 - Yangon ) တွင် စာတမ်း ရေးသား ဖတ်ကြား လိုသူများ အနေဖြင့် စက်တင်ဘာလ ၂၈ ရက် နောက်ဆုံးထား၍
စာတမ်း ခေါင်းစဉ် နှင့် အကျဉ်းချုပ် ကို ပေးပို့ ရမည် ဖြစ်သည်။ ပါဝင် ဆွေးနွေး နိုင်သည့်
Subject Area များမှာ Mobile Application Programming and Development, Web
Application Programming and Development, Game Programming and Development,
Software Quality Assurance Techniques and Best Practices, Software Project
Management Techniques and Best Practices, Developer Solution Techniques and
Best Practices, Software Security Techniques and Best Practices နှင့် Latest
Software Industry Trends and Opportunities Developer Conference တို့ သတ်မှတ် ထားပြီး
အဆိုပါ အချက်အလက် များကို devconmyanmar.org , mcpamyanmar.org/download/website များတွင်
ရယူနိုင်ကြောင်း သိရသည်။
.jpg)
No comments:
Post a Comment