Pages

Thursday, April 11, 2019

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား  ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ
-
ရန်ကုန်၊ လူမှုရေး  ကချင်ပြည်နယ် ပူတာအိုဒေသရှိ  ပေပေါင်း ၁၂ဝဝဝ နီးပါးမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ပေါ်သို့ အောင်မြင်စွာ တက်ရောက်ကာ မြန်မာနိုင်ငံအတွက် ရေခဲတောင် သဘာဝပတ်ဝန်းကျင်ရှုခင်းများကို မှတ်တမ်းတင်နိုင်ခဲ့သော တောင်တက်သမားများ အားဂုဏ်ပြုပွဲနှင့် ဓာတ်ပုံပြပွဲကို ဧပြီ ၉ ရက် က  ရန်ကုန်မြို့နက္ခတ်တာရာ ပြခန်း အနီး The Yangon Gallery ၌ ကျင်းပသည်။ 
-
''ပူတာအိုတစ်ဝိုက်က ရေခဲတောင်တက် ခရီးစဉ်က  ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တာပါ။  ခရီးစဉ်ကို  အစတုန်းက ခုနစ်ညအိပ် ရှစ်ရက်ခရီးလို့ မှန်းတာပါ။ တောင်ပေါ်မှာက လေပြင်းတွေတိုက်၊  မိုးတွေရွာပြီး ရာသီဥတုကအရမ်းဆိုးနေတယ်။ တချို့တောင်ပေါ် စခန်းမှာဆိုရင် နှစ်ညတောင် အိပ်ခဲ့ရတာတွေ ရှိတယ်။ ဒါကြောင့် ကိုးရက်ကြာခဲ့တယ်။ ဒီလိုရေခဲတောင်ကို မတက်ခင်မှာ ကိုယ်လက်ကြံ့ခိုင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု၊ အစားအသောက်၊ အနေအထိုင်တွေကို ကြိုတင်ပြင်ဆင်တာတွေလုပ်ပြီးမှ တက်ပါလို့ အကြံပြုလိုပါတယ်'' ဟု အသက် ၇၂ နှစ်ရှိပြီဖြစ် သော ရေခဲတောင်တက်သမား  ဒေါက်တာ မောင်မောင်ကြီးကပြောသည်။
-
ထိုတောင်တက်ခရီးစဉ်ကို ကချင်ပြည်နယ် ပူတာအိုရှိ ဖုန်ကန်ရာဇီ တောင်ခြေမှ စတင်ပြီး ယခုနှစ် မတ် ၄ ရက်မှ တောင်တက် ခရီးစတင်ရာ တောင်တက်စခန်းလေးခု ချခဲ့ပြီး ပူတာအို ပြန်ရောက်သည့် မတ်၁၃ ရက်အထိ ကိုးရက်ကြာ မြင့်ခဲ့သည်။    
-
ဓာတ်ပုံဆရာကြီး  ဒေါက်တာ မောင်မောင်ကြီးဦးဆောင်ကာဦးစိုးလှိုင်၊ကိုကျော်ဇောလေး၊ ကိုလှိုင်မင်း အောင်၊ ကိုဝေဖြိုးတို့လေးဦးသည် တောင်တက်ခရီးစဉ်တစ်လျှောက်အကူအညီပေးသောပူတာအိုဒေသခံ လမ်းပြ တောင်တက်သမားတချို့နှင့်အတူတက်ရောက်ခဲ့ခြင်းဖြစ်သည်။ခြေလျင်တောင်တက်မျိုးဆက်သစ်များ အနေဖြင့် မှတ်တမ်းတင်ဖွယ်ရာ ရေခဲသစ်ပင်များ၊  သဘာဝရေခဲကျောက်ဆောင်များ၊ ရေခဲတောင်ဒေသ၌ ကျက်စားနေထိုင်သော ရှားပါး တောရိုင်းတိရစ္ဆာန်များ၊ ရေခဲတောင်ဒေသနေ ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝရှုခင်းများနှင့် ရေခဲတောင်၏ သဘာဝအလှများကိုကမ္ဘာကသိအောင်ဖော်ထုတ် မည်ဖြစ် ကြောင်း သိရသည်။   -
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment