Pages

Monday, April 1, 2019

သင်္ကြန်ကာလတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များသို့ အချိန်ပိုင်းဖြင့် ရေပေးဝေမည်

-
ရန်ကုန် မတ်  ၃၁ 
-
သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးရှိ  မြို့နယ်များသို့ အချိန်ပိုင်းဖြင့် ရေပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံရုံးအဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၏ ပြောပြချက်အရ သိရသည်။ 
-
ဂျိုးဖြူ၊ ဖူးကြီးနှင့်လှော်ကား ရေလှောင်ကန်တို့၌ နွေရာသီအတွက် ရေသိုလှောင်ထားမှု ပမာဏမှာ ယခင်နှစ်ကထက် ပိုမိုခဲ့သဖြင့် သင်္ကြန်ကာလတွင်ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ ''သင်္ကြန်အကြို၊  အကျ၊ အကြတ်နဲ့ အတက်နေ့တွေမှာ မြို့နယ်တွေကို အချိန်ပိုင်းနဲ့ ရေပေးဝေသွားမှာပါ။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနဲ့ ဒဂုံမြို့နယ်တွေမှာ နံနက် ၈နာရီကနေ ၁၁ နာရီတစ်ကြိမ်၊ ညနေ ၃ နာရီကနေ ည ၆ နာရီအထိ သုံးနာရီခြားတစ်ကြိမ်၊ နှစ်ကြိမ်ခွဲပြီး ရေပေးဝေမှာပါ။ အလုံ၊ ကြည့်မြင်တိုင်နဲ့ စမ်းချောင်းမြို့နယ်တွေကို နံနက် ၈ နာရီကနေ ၁ဝ နာရီအထိရေပေးဝေသွားမှာပါ။ တာမွေ၊ ထောက်ကြန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊  ဒေါပုံ၊  ဒဂုံ (မြောက်ပိုင်း)၊  ဒဂုံ (တောင်ပိုင်း)နဲ့  ဒဂုံ(အရှေ့ပိုင်း)မြို့နယ်တို့ကို  အရင်ရေပေးဝေတဲ့အချိန်အတိုင်း ဆက်လက် ပေးဝေမှာပါ'' ဟု ဦးကျော်ကျော်ဦး ကပြောသည်။ 
-
ထို့ပြင်သင်္ကြန်မဏ္ဍပ်များ   ရေရရှိရေး အတွက် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မွန်းတည့်  ၁၂   နာရီ  နောက်ဆုံးထား၍ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံ ရုံးအဖွဲ့ကို တင်ပြကာခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ''လမ်းလျှောက်သင်္ကြန်အတွက်ကိုလည်း ကြိုတင်စီစဉ်ထားပါတယ်။ မဟာဗန္ဓုလ ပန်းခြံလမ်းနဲ့ ကုန်သည်လမ်းတစ်လျှောက်လမ်းလျှောက်သင်္ကြန်အတွက် အထောက်အကူပြုဖို့မဟာဗန္ဓုလပန်းခြံထဲမှာ ဂါလန်ငါးသောင်းဆံ့ ရေလှောင်ကန်နှစ်လုံးနဲ့ မြို့တော်ခန်းမထဲမှာ ဂါလန်သုံးသောင်းဆံ့ ရေဂါလန်တစ်လုံး  ထပ်မံဖြည့်တင်းဖို့စီစဉ်ထားပါတယ်။သင်္ကြန်ကာလမှာရေရရှိရေးနဲ့ ရေပေးဝေရေး လုပ်ငန်းကနေ  ရေကစား မဏ္ဍပ်တွေအတွက် ရေသွယ်သူတွေ လိုက်နာရမယ့်  စည်းကမ်းချက်တွေကို  အချက် ၁၁ ချက်နဲ့ ထုတ်ပြန်ထားတာ ရှိပါတယ်'' ဟု ဦးကျော်ကျော်ဦး ကပြောသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment