Pages

▼

Wednesday, February 20, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊  ပုလဲကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော  တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ ဒေသခံပြည်သူ ၆၁၄ ဦးကို အဆိုပါ ကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၅၃ ဦး၊ ခွဲစိတ်ရောဂါ ၇ဝဦး၊ သားဖွား/မီးယပ်ရောဂါ ၇၂ ဦး၊  ကလေး ရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၆၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၉၂ ဦးနှင့် သွားရောဂါ ၄၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၆ ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ် ခွဲစမ်းသပ်လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သူ နှစ်ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment