Pages

Wednesday, February 13, 2019

နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၂ 
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့်၂ဝ၁၉ ခုနှစ်(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။ 
-
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ည  ၆ နာရီ တွင် အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီး များက ကြိုဆိုနှုတ်ဆက်ကြသည်။ 
-
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့သည်  ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်လာကြသည့်  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန် ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ထို့နောက် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့သည်ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့် အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။ 
-
ညစာ သုံးဆောင်နေစဉ်အတွင်း မြန်မာ့ အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့နှင့် တွဲဖက်၍ ပြည်ထောင်စု တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တေးသံရှင်များက  တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
-
-
ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေး သီတာ၊  ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုရှေ့နေချုပ်၊   ပြည်ထောင်စုစာရင်းစစ်ချုပ်၊   ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ တပ်မတော် အရာရှိကြီးများနှင့်  ၎င်းတို့၏ ဇနီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့်ဇနီးတို့သည် ညစာစားပွဲသို့တက် ရောက်လာကြသည့် ဧည့်သည် တော်များနှင့်အတူ မြို့တော်ခန်းမလေဟာပြင်ဇာတ်ရုံ၌ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာ ရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ယဉ်ကျေးမှုအက အဖွဲ့များက တိုင်းရင်းသား ရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment