Pages

Friday, February 22, 2019

(၂၆) ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပ

(၂၆) ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
(၂၆)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅ဝဝ)  ၌ ဆက်လက် ပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ 
-
ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် Major Symposium အဖြစ် Comprehensive Management of  Burn Careတစ်ခု၊ Clinical Session တစ်ခု၊ Symposiumအဖြစ် Organization Effectiveness  Through Transformational Leadership တစ်ခု ၊ Gut Microbiota တစ်ခု ၊ Antimicrobial Resistance in Respiratory Tract Infections တစ်ခု၊ Update in  Interventional  Cardiology တစ်ခု၊ Special Talk သုံးခု၊ Building Shared Vision in Military Medicine တစ်ခုနှင့် What's next: New Dimensional Approach in One Health, Malaria, Research Ethics, Rickettsia and Melioidosis တို့အား ဆွေးနွေးကြသည်။ 
-
၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ အဏုဇီဝဗေဒ၊ သားဖွားနှင့် မီးယပ်ပညာ၊ သူနာပြုပညာ၊ မှုခင်း ဆေးပညာ၊ ပြည်သူ့ ကျန်းမာရေး၊ ဆေးဝါးဗေဒနှင့် ခွဲစိတ်ကုသမှု စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစု ပေါင်း ၃၇ စောင် ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းကြရာသက်ဆိုင်ရာသုတေသီတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ အဆိုပါ (၂၆) ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်အထိ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment