Pages

▼

Thursday, January 3, 2019

ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထဲရေး အသင်း ပထမနေရာရရှိ

ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထဲရေး အသင်း ပထမနေရာရရှိ
-
နေပြည်တော်   ဇန်နဝါရီ  ၂
-
ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ ၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌   ဆက်လက် ယှဉ်ပြိုင်ရာ ပြည်ထဲရေး အသင်းက ပထမ နေရာ ရရှိခဲ့သည်။
-
ဝန်ကြီး ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲတွင်  အုပ်စု (က)၊ အုပ်စု (ခ)၊ အုပ်စု(ဂ)နှင့် အုပ်စု(ဃ)အုပ်စု လေးစု ခွဲ၍ ယှဉ်ပြိုင်ကြပြီး အုပ်စု (က)တွင် အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားအသင်း၊ ကျန်းမာ ရေးနှင့် အားကစား အသင်းနှင့် ကာကွယ်ရေး အသင်းတို့ပါဝင်သည်။ အုပ်စု(ခ)တွင် ပညာရေးအသင်း၊ ဗဟို ဘဏ် အသင်းနှင့် စီမံဘဏ္ဍာ အသင်းတို့ ပါဝင်သည်။  အုပ်စု(ဂ)တွင်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး အသင်း၊  ဆောက် လုပ်ရေး အသင်းနှင့် လျှစ်စစ်နှင့် စွမ်းအင်အသင်းတို့ ပါဝင်သည်။  အုပ်စု(ဃ)တွင် ပြည်ထဲရေး အသင်း၊ နယ်စပ်ရေးရာ အသင်း နှင့် တိုင်းရင်းသား လူမျိုးများ ရေးရာ အသင်းတို့ဖြစ်သည်။
-
(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲပိုက်ကျော်ခြင်း အမျိုးသားပြိုင် ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ၂၈ ရက်မှစ၍ အုပ်စုပတ်လည် စနစ်ဖြင့် ပွဲစဉ်များကို ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။ အုပ်စု ပတ်လည် ပွဲစဉ်များအပြီး ဆီမီးဖိုင်နယ်ပွဲစဉ်၊   တတိယနေရာ လုပွဲနှင့် ဗိုလ်လု ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြသည်။ တတိ ယ နေရာ လုပွဲတွင်    ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးအသင်းနှင့်    နယ်စပ်ရေးရာအသင်းတို့ ယှဉ်ပြိုင်ကြရာ    နှစ်ပွဲ ပြတ်ဖြင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးအသင်းက အနိုင်ရရှိပြီး  တတိယနေရာရရှိသွားသည်။
-
ဗိုလ်လုပွဲစဉ်တွင် ပြည်ထဲရေးအသင်းနှင့် ဗဟို ဘဏ်အသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ပြည်ထဲရေး အသင်းက အနိုင် ရရှိပြီး ပထမ နေရာရရှိသည်။ ယနေ့ပွဲစဉ်များအပြီးတွင် ပြည်ထဲရေးအသင်းက ပထမ၊ဗဟိုဘဏ်အသင်းက ဒုတိယနှင့် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး အသင်းက တတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။                                   
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment