Pages

Tuesday, December 18, 2018

အတ္ထရံတံတားနှင့် ဂျိုင်း(ဇာသပြင်) ကြိုးတံတား အသစ်တည်ဆောက်မည်

-
မော်လမြိုင် ဒီဇင်ဘာ ၁၇ 
-
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အကြားရှိ အတ္ထရံတံတားနှင့် ဂျိုင်း(ဇာသပြင်)တံတားကို လာ မည့် ၂ဝ၁၉ ခုနှစ် နှောင်းပိုင်းတွင် အသစ်ဆောက်လုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးက ပြောသည်။ အဆိုပါ တံတားနှစ်စင်း တည်ဆောက်ရန် အသေးစိတ် ဒီဇိုင်းပုံစံများ၊ ကုန်ကျစရိတ် တွက်ချက် မှုများနှင့် တင်ဒါခေါ်ယူမှုများကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်တွင် လုပ်ငန်း စတင်နိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ 
-
အသစ်ဆောက်လုပ်မည့် တံတားနှစ်စင်းသည် ကြိုးတံတားသာဖြစ်ပြီး လမ်းမှာ လေးလမ်းသွား ဖြစ်မည်ဖြစ်ကြောင်း၊ ယခင်ဂျိုင်း(ဇာသပြင်) တံတား၏ အရှည်မှာ မီတာ ၈ဝဝ ခန့်ရှိပြီး ယခု ဆောက်လုပ်မည့် အရှည်သည် မီတာ ၈၇ဝ ရှိကြောင်းနှင့် အတ္ထရံတံတား၏ အရှည်သည် မီတာ ၄၃ဝ ရှိပြီး အသစ်တည်ဆောက်မည့် တံတားမှာ၃၂၆ မီတာ ရှိကြောင်း သိရသည်။ တံတားအသစ် ဆောက်လုပ်ခြင်းစီမံကိန်းကို ၂ဝ၁၉ ခုနှစ်မှ စတင်ကာ ၂ဝ၂၃ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 
-
(၄ဝ၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment