Pages

Wednesday, December 19, 2018

မိုင်းကိုင်မြို့အနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

မိုင်းကိုင်မြို့အနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၈ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၏ မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ လဲချား-မိုင်းကိုင်-ပန်ကေတုကားလမ်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအား စစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် မော်တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦးထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၉၆ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၉၆ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူမှာ  သီပေါမြို့နယ်၊ မိုင်းခေးကျေးရွာနေ အိုက်ပန်းမောင်(ဘ) လုံးအောစိန် ဖြစ်ပြီး တုံလောကျေးရွာသို့ မူးယစ်ဆေးဝါးများ သွားရောက်ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 
-
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရန် မိုင်းကိုင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment