Pages

▼

Monday, December 10, 2018

မြောင်းမြမြစ်ကူး တံတားသစ် စီမံကိန်း ပြီးစီးရန် လျာထားသည့် ၂ဝ၁၉ ခုနှစ် မတ်လကုန်အထိ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဇက်ရေယာဉ်ဖြင့် အခမဲ့ ပို့ဆောင် ပေးသွားမည်

မြောင်းမြမြစ်ကူး တံတားသစ် စီမံကိန်း ပြီးစီးရန် လျာထားသည့် ၂ဝ၁၉ ခုနှစ် မတ်လကုန်အထိ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဇက်ရေယာဉ်ဖြင့် အခမဲ့ ပို့ဆောင် ပေးသွားမည်
-
မြောင်းမြ   ဒီဇင်ဘာ   ၉
-
ဧရာဝတီတိုင်း ဒေသကြီးရှိ   မြောင်းမြမြစ်ကူးကြိုး တံတားမှာ ရုတ်တရက်ကြိုးပြတ် ခဲ့သဖြင့် ဒေသခံပြည်သူများ   သွားလာရေး အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် မြစ်ကူးကူးတို့အဖြစ်  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့်  တပ်မတော်(ရေ)မှ ဇက်ရေယာဉ်များဖြင့်  ယနေ့အထိ အခမဲ့ ပို့ဆောင်ပေးလျက်ရှိရာ  မြောင်းမြ။ မြစ်ကူးတံတားသစ် စီမံကိန်းပြီးစီးရန်လျာထားသည့် ၂ဝ၁၉ ခုနှစ် မတ်လကုန်ပိုင်းအထိ  ယခုကဲ့သို့  ပို့ဆောင်ပေး မည်ဖြစ်ကြောင်း   ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးရုံး(ရန်ကုန်)မှ သိရသည်။
-
ပြီးခဲ့သည့်ဧပြီလက မြောင်းမြကြိုးတံတား မြစ်အတွင်းသို့  ကြိုးပြတ်ကျခဲ့၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဇက်ရေယာဉ်ဖြင့် ဧပြီလမှ နိုဝင်ဘာလကုန်ပိုင်းအထိ စာရင်းများအရ အခေါက်ရေပေါင်း၂ဝ၂ဝ၁ ခေါက်၊ ကားကြီး ၄၅၇၂၄ စီး၊ ကားလတ် ၄၂၉ စီး၊ကားလေး ၄၅ဝဝဝ စီးကျော်၊  ခရီးသည် ရှစ်သိန်းကျော်၊ ဆိုင်ကယ်အစီးရေ သုံးသိန်းကျော်နှင့် တခြားယာဉ်များကို အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
ထိုကဲ့သို့  ပို့ဆောင်ပေးရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မော်တော်ယာဉ် မြစ်ဖြတ်ခ ကူးတို့နှုန်းဖြင့် တန်ဖိုးတွက်မည် ဆိုပါက ငွေကျပ် သိန်းပေါင်း ၁၉၈ဝဝ ကျော်ရှိကြောင်းနှင့် အလားတူညောင်ချောင်းလေး၌ ပြေးဆွဲပေးသည့် တန်ဖိုးပါ တွက်မည်ဆိုလျှင်   ငွေကျပ်  သိန်းပေါင်း နှစ်သောင်းကျော်ဖိုး   အခမဲ့ပြေးဆွဲ ပေးခဲ့ကြောင်း  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး (ရန်ကုန်)၏စာရင်းဇယားများအရ သိရသည်။
-
ယခုအခါ မြောင်းမြမြစ်ကူး တံတားသစ် တည်ဆောက်ရေး စီမံကိန်းသည် လုပ်ငန်း ပြီးစီးမှု  ၇ဝ ရာခိုင်နှုန်း ကျော်လာပြီဖြစ်ရာ ၂ဝ၁၉ ခုနှစ် မတ်လကုန်ပိုင်းတွင်  အပြီးတည်ဆောက်ရန် လျာထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment