Pages

Friday, December 14, 2018

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ရေး ဆွေးနွေး

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ရေး ဆွေးနွေး
-
နေပြည်တော်   ဒီဇင်ဘာ   ၁၃ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည်   ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် UNDP ၏ လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Haoliang Xu နှင့် အဖွဲ့အား ယနေ့နံနက်၁၁  နာရီခွဲတွင်  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊   နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအား/ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကုလသမဂ္ဂမှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း  ဦးစားပေး လုပ်ငန်းများဖြစ်သည့်  နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊  ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတို့နှင့် ပတ်သက်၍  နိုင်ငံတော်အစိုးရ၏  လက်ရှိ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးနှင့် သဟဇာတဖြစ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။   
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment