Pages

Tuesday, December 18, 2018

ဗိုဗီနမ် အားကစားပြိုင်ပွဲ ဒုတိယ နေ့တွင် မြန်မာအသင်း ရွှေသုံးခု၊ ငွေတစ်ခုထပ်မံဆွတ်ခူး

ဗိုဗီနမ် အားကစားပြိုင်ပွဲ ဒုတိယ နေ့တွင်  မြန်မာအသင်း ရွှေသုံးခု၊ ငွေတစ်ခုထပ်မံဆွတ်ခူး
-
နေပြည်တော်  ဒီဇင်ဘာ ၁၇ 
-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဗိုဗီနမ်အားကစားရုံ၌ ကျင်းပရာ ဗိုဗီနမ် အားကစားပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲအပြီး တွင် မြန်မာ အသင်း ရွှေ သုံးခု၊ ငွေတစ်ခုထပ်မံရရှိသည်။                        
-
ရွှေတံဆိပ်ဆုကို အမျိုးသမီး တစ်ဦးချင်း (ဓားတစ်လက်)လက်အပြပြိုင်ပွဲတွင် မမေဟန် နီအောင်လွင်က၂၆၆ မှတ်ဖြင့် လည်းကောင်း၊ အသင်းလိုက် လေးယောက်တွဲပြိုင်ပွဲ(အမျိုးသား) ပြိုင်ပွဲတွင် မောင်အောင်ခိုင်လင်း၊ မောင်ဖြိုးမင်းစိုး၊ မောင်ဟိန်း ထက်အောင်၊ မောင်သီဟ ဇော် တို့က လည်းကောင်း၊ တစ်ဦးချင်း အမျိုးသား လက်သိုင်းတွင် ရာဇာ ထွန်းက လည်းကောင်း  ရရှိသည်။ ငွေတံဆိပ်ဆုကို အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ရာဇာထွန်းနှင့်  ချစ်နိုဒီ ဆောင်း တို့က ရမှတ် ၂၆၃ ဖြင့်ရရှိသည်။ 
-
ပထမနေ့ပြိုင်ပွဲ အပြီးတွင် မြန်မာဗိုဗီနမ် အသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဒုတိယနေ့ပြိုင်ပွဲ အပြီးတွင် ရွှေသုံးခု၊ ငွေတစ်ခုထပ်မံရရှိသည်။ မြန်မာ ဗိုဗီနမ်အသင်းသည် နှစ်ရက်ပေါင်း ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်နှစ်ခု ရရှိ ထားသည်။ (၁၉)ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင်  မြန်မာအသင်းအနေဖြင့် နည်းပြ/ အုပ်ချုပ် သူငါးဦး၊ ကစားသမားအမျိုးသား ၁၆ ဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၃ဝ ဦးပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ 
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment