Pages

Friday, December 14, 2018

ဒလမြို့နယ်၊ ရွှေလှေချောင်ကျေးရွာရှိ ရွှေလွန်းရံ စေတီတော်မြတ်ကြီးနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

ဒလမြို့နယ်၊ ရွှေလှေချောင်ကျေးရွာရှိ ရွှေလွန်းရံ စေတီတော်မြတ်ကြီးနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၁၃
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရွှေလှေချောင်ကျေးရွာ၊ အောင်ဇမ္ဗူမင်္ဂလာ ရွှေကျောင်းတိုက် အတွင်းရှိ ရွှေလွန်းရံစေတီတော်မြတ်ကြီးနှင့် အဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၏ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်မတော်သားများက စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် စေတီတော်ပရိဝုဏ်နှင့် ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စေတီတော် ရင်ပြင်တော်အား သန့်ရှင်းရေးပြုလုပ်ပေးခြင်း စသည့် စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment