
-
မောင်တော ဒီဇင်ဘာ ၁၇
-
မောင်တောမြို့နယ် နယ်မြေ(၂) နယ်စပ်ခြံစည်းရိုး မှတ်တိုင် (၄၁)နှင့် (၄၂)အကြား နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နယ်စပ်ခြံစည်းရိုး လုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် လှည့်ကင်းအဖွဲ့အား ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ခြံစည်းရိုးတစ်ဖက်ခြမ်း တစ်ဖက်နိုင်ငံဘက်ခြမ်းမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
-
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အား ထပ်မံဖြည့်တင်း၍ ပစ်ကူပေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် လတ်တလောတွင် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားတစ်ဦးမှာ ဝဲဘက်နောက်ကျောမှ ကျည်ဖောက်ဝင်၍ ရှေ့ဝမ်းဗိုက်ဝဲဘက် ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိထားကြောင်း ကနဦး သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment