-
လားရှိုး ဒီဇင်ဘာ ၁၇
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ တိုင်းရင်းသား ယဉ်ကျေးမှု ကွင်းတစ်ခု ဖော်ဆောင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးထံမှ သိရသည်။
-
''လားရှိုးမြို့ရှောင် လမ်းထောင့်မှာရှိတဲ့ မြေကွက်ကို တကယ်လို့အဆင်ပြေတယ်ဆိုရင်၊ ပိုင်ဆိုင်မှုတွေလည်း ကင်းရှင်းတယ်ဆိုရင် ဒီမြေကို ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာနအနေနဲ့ စီမံခန့်ခွဲပိုင်ခွင့် တောင်းမယ်။ တောင်းပြီးရင် ရတာနဲ့ ခရိုင်ရုံး ဖွင့်နိုင်အောင် လုပ်မယ်။ ပြီးရင် အဲဒီနေရာမှာ ဘယ်တိုင်းရင်းသား လူမျိုးမဆို သူတို့ရဲ့နှစ်သစ်ကူးနေ့၊ အထင်ကရ အခမ်းအနားနေ့ အထိမ်းအမှတ်တွေမှာ ပွဲကျင်းပနိုင်အောင် ဆောင်ရွက်မယ်လို့ စီစဉ်ထားပါတယ်''ဟု ဒုတိယဝန်ကြီးကပြောသည်။
-
လားရှိုးမြို့ရှိ တိုင်းရင်းသား လူမျိုးများအနေဖြင့် ၎င်းတို့၏ ရိုးရာအစဉ်အလာပွဲတော်များ ကျင်းပရန်နှင့် အစည်းအဝေးများ ပြုလုပ်ရန် နေရာအခက်အခဲ ရှိနေခြင်းတို့ကြောင့် တိုင်းရင်းသား ယဉ်ကျေးမှုကွင်းတစ်ခု ဖော်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ယဉ်ကျေးမှု အဖွဲ့များမှာလည်း ဒီဇင်ဘာလလယ်ပိုင်းတွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့က ၎င်းတို့ လိုအပ်နေသော ယဉ်ကျေးမှုကွင်းအပြင်၊ အိမ်ထောင်စု များ မှတ်ပုံတင်များ ပြုလုပ်ရာတွင် ခက်ခဲကြန့်ကြာနေမှုများကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment