
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲကို ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ တုံဂပူရိ ဟိုတယ်၌ကျင်းပသည်။ ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာကြီးများနှင့် ဆရာမကြီးများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စာရေးဆရာများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိတ်ဆုံညစာစားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
-
ယင်းနောက် စာရေးဆရာများ ကိုယ်စား စာရေးဆရာမ ခင်ခင်ထူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့် အတူ ညစာကို အတူတကွ သုံးဆောင်ပြီး စာပေနှင့် နှီးနွှယ်သည့် အကြောင်းအရာများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment