-
နေပြည်တော် ဒီဇင်ဘာ ၁၆
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ၏ အမျိုးသား အုပ်စု ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ် (၃)၌ ယှဉ်ပြိုင်ကစားကြသည်။
-
ဒီဇင်ဘာ ၁၄ ရက် ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက သုံးပွဲကစား ကိုးမှတ်ဖြင့် ဗိုလ်လုပွဲ တက်ရောက်နေပြီး မြန်မာ အသင်းက သုံးပွဲကစား ငါးမှတ်၊ လာအိုအသင်းက သုံးပွဲကစား လေးမှတ်နှင့် မလေးရှားအသင်းက သုံးပွဲကစား နှစ်မှတ် ရထားသည်။ စင်ကာပူအသင်းမှာ ပွဲကုန်လေးပွဲကစားရာတွင် တစ်မှတ်သာ ရသောကြောင့် အုပ်စုမှထွက်ခဲ့ရပြီဖြစ်သည်။
-
စတုတ္ထနေ့တွင် လာအိုအသင်းက စင်ကာပူ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး မြန်မာနှင့် မလေးရှားအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲ တွင် ထိုင်းအသင်းနှင့် ပထမပွဲယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ထိုင်း အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment