Pages

Friday, December 21, 2018

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနား နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပ

စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနား နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပ
-
နေပြည်တော်     ဒီဇင်ဘာ ၂ဝ
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်သည်။
-
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ  စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှု အားပေးသည်။
-
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်၊  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊  ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  စာပေ ပညာရှင်များ၊  စာရေးဆရာများ၊  စာတမ်းဖတ်ကြားသူများ၊ ဆုရစာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဖောင်ဒေး ရှင်းများနှင့် ပူးပေါင်းပါဝင်ကြသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာပေကိုစိတ်ပါ ဝင်စားကြသူများ၊ ဖိတ်ကြားထား သူများ တက်ရောက် ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment