Pages

Friday, December 14, 2018

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲကျင်းပ

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲကျင်းပ
-
ဖာပွန် ဒီဇင်ဘာ ၁၃
-
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက်ပိုင်းတွင် (၇၁)နှစ် မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် စာစီစာကုံး ပြိုင်ပွဲကျင်းပသည်။ အဆိုပါ ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ ဥာဏ် ရည် ဥာဏ်သွေး ထက်မြက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
-
စာစီစာကုံး ပြိုင်ပွဲသို့ ဖာပွန်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးက ''လွတ်လပ်ရေးနေ့ တို့မမေ့'' ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆုများ ပေးအပ်မည်ဖြစ် ကြောင်းသိရသည်။
-
(၄ဝ၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment