Pages

Thursday, December 20, 2018

မုန်တိုင်း သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ရွှေသောင်ယံမြို့၌ ဆောင်ရွက်

-
ရွှေသောင်ယံ  ဒီဇင်ဘာ  ၁၉ 
-
သဘာဝဘေးအန္တရာယ်ကြုံတွေ့သည့်အခါ ပြည်သူများထိခိုက်သေကျေပျက်စီးဆုံးရှုံးမှု  လျော့နည်းသက်သာစေရန် မုန်တိုင်း သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ ဘောမိကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  တိုင်း ဒေသကြီး ဦးစီးမှူးရုံးမှဦးဆောင်ပြီး ဒေသခံများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်။ 
-
ရှေးဦးစွာ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြား ရေးမှူး၊ တိုင်းဒေသကြီး  မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိနှင့် ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး တို့က ကျေးရွာေ ဒသခံ ပြည်သူများ အနေဖြင့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊  ဆောင်ရန်/ ရှောင်ရန်များနှင့် ဘေးအန္တရာယ် ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေး ပြောကြားသည်။ 
-
ထို့နောက် ဌာနဆိုင်ရာများဦးစီး၍ သရုပ်ပြသပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ/အုပ်စု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့ဝင် များနှင့်ဒေသခံ စုစုပေါင်းအင်အား ၃၅ဝ ကျော်တို့က စုပေါင်း ဇာတ်တိုက်လေ့ကျင့်ကြသည်။ 
-
အဆိုပါ ဘောမိကျေးရွာအုပ်စု၌ ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၉၅၃ လုံး၊ အိမ်ထောင်စု ၉၉၂ စု၊ လူဦးရေ ၃၇၁၈ ဦးခန့်ရှိပြီး ပင်လယ်ကမ်းခြေတွင်တည်ရှိကာ နှစ်စဉ်နှစ်တိုင်း  မုန်တိုင်းများနှင့် မုန်တိုင်းဒီရေများ၏ဒဏ်ကို အနည်းနှင့်အများခံ စားရသော ကျေးရွာအုပ်စု တစ်ခုဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက်  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် School  Cum Shelter တစ်လုံးဆောက် လုပ်ပေးမည့် ကျေးရွာဖြစ် ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment