Pages

▼

Friday, December 21, 2018

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းမှ (၇)ကြိမ်မြောက် ခရီးစဉ်အဖြစ် နာဂတောင်တန်း ဒေသသို့ သွားရောက်မည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းမှ (၇)ကြိမ်မြောက် ခရီးစဉ်အဖြစ် နာဂတောင်တန်း ဒေသသို့ သွားရောက်မည်
-
ရန်ကုန်  ဒီဇင်ဘာ  ၂ဝ 
-
မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး အတွက် Myanmar Heritage Trail Tourism Rally ( MHTTR )၏ (၇) ကြိမ်မြောက် ကျင်းပမည့် ခရီးစဉ်တွင်  နာဂတောင်တန်း ဒေသခရီးစဉ်သို့ သွားရောက်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ  ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်း  ပရောဂျက် တာဝန်ခံ ဦးဝင်းတင်ထံမှ သိရသည်။ ''အခုက   စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဒုတိယအကြိမ် ပူးပေါင်း လုပ်ဆောင်တာပါ။ အရင်တစ်ခါက ဇလုံတောင်ကို သွားခဲ့ပြီးပြီ။ ဒီတစ်ခါတော့ နာဂနှစ်သစ်ကူးနဲ့ တိုက်ဆိုင် ပြီးသွားမှာဖြစ်ပါတယ်။ အခုလို လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ကတော့  ပြည်တွင်းခရီး သွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်တဲ့ သဘောပါ။  ခရီးစဉ်နေရာကတော့ ဝေးလံတဲ့ဒေသ၊ သွား လာရခက်တဲ့နေရာတွေကို ရွေးချယ်ပြီးလုပ် တာဖြစ်ပါတယ်'' ဟု ဦးဝင်းတင် ကပြောသည်။ 
-
အဆိုပါ နာဂခရီးစဉ်ကို  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အသင်းနှင့်  စစ်ကိုင်းတိုင်း ဒေသကြီးတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယင်းခရီးစဉ်ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ၁၈ ရက် အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်တွင်  ယာဉ် ၁၉ စီးနှင့် လူ ဦးရေ ၆၁ ဦး ပါဝင်ပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်မှ မုံရွာသို့ စတင်ထွက်ခွာ၍ မော်လိုက်နှင့် လေရှီးမြို့တို့သို့ ဖြတ် သန်းပြီး လေရှီး၌ သုံးရက်နားကာ နာဂနှစ်သစ်ကူး ပွဲတော်ပြီးသည့်အခါ အပြန်ခရီးတွင် ရွှေဘို၊ စစ်ကိုင်းဘက်မှ  ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
-
ခရီးသွားလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်ဖော်ဆောင်နိုင်ရန်နှင့် ဈေးကွက်မြှင့်တင်ရန် မြန်မာနိုင်ငံအနှံ့သို့ မော်တော်ယာဉ်ဖြင့် လမ်းပန်းဆက်သွယ် ရေးလွယ်ကူစွာ သွားလာနိုင်သည်ကို သိရှိစေရန်နှင့် ခရီးစဉ်တစ်လျှောက်ရှိ ဒေသခံများ၏ လူနေမှု အဆင့်အတန်းများကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်ရန် ယခုကဲ့သို့ အစီ အစဉ်များ လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment