
-
နေပြည်တော် ဒီဇင်ဘာ ၂ဝ
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ကျီးကုန်းကျေးရွာအနီး၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ယနေ့နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်တွင် ကလေးဝမြို့ဘက်မှ ကလေးမြို့ဘက်သို့ ဦးထွန်းမြင့်(ဘ) ဦးသက်တင် မောင်းနှင်လာသော 2A/---- တီအီး အမျိုးအစား ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်ထားသော တရားမဝင် အင်သစ်ခွဲသားဆိုဒ်စုံ ၇ ဒသမ ၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် တရားမဝင်သစ်များအား ကလေးမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment