Pages

▼

Thursday, November 15, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရှေ့ပိုင်း SHANDONG ပြည်နယ် ရှင်းတောင် (QINGDAO) မြို့သို့ ဆက်လက် ထွက်ခွာ

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ် ရှင်းတောင် (Qingdao) မြို့သို့ ဆက်လက် ထွက်ခွာ
-
နေပြည်တော်၊ နိုဝင်ဘာ -၁၄ 
-
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ကွမ်ကျိုးမြို့မှ ရှင်းတောင်မြို့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ စစ်ဦးစီး ချုပ် (Deputy Chief of Joint Staff) ဖြစ်သူ Major General Tan Jianming နှင့် တာဝန်ရှိသူများက ကွမ်ကျိုးမြို့ Baiyun လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ခဲ့ကြသည်။
-
ထို့နောက် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၆ နာရီခွဲတွင် Shandong ပြည်နယ်၊ ရှင်းတောင်မြို့ Liuting လေဆိပ်သို့ ရောက်ရှိရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲ မှု ဌာနချုပ်၊ ရေတပ် ဒုတိယ စစ်ဦးစီးချုပ် ဖြစ်သူ Rear Admiral Yang Su နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment