Pages

Friday, November 23, 2018

ပုဂံမြို့ရှိ သမိုင်းဝင် ရွှေစည်းခုံဘုရားတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များဖြင့်စည်ကားလျက်ရှိ

ပုဂံမြို့ရှိ သမိုင်းဝင် ရွှေစည်းခုံဘုရားတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များဖြင့်စည်ကားလျက်ရှိ
-
ညောင်ဦး  နိုဝင်ဘာ  ၂၂ 
-
တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်အတွင်း ပုဂံမြို့ရှိ  သမိုင်းဝင်ရွှေစည်းခုံ ဘုရားတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း  ရွှေစည်းခုံဘုရား ဂေါပက ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။
-
''ပုဂံဒေသကို လာရောက် လည်ပတ်ကြတဲ့ ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်တွေက ရွှေစည်းခုံဘုရားကြီးကို ဝင်ရောက်ဖူးမြော်ပြီးမှ ကိုယ့်ရပ်ဌာနေသို့ ပြန်ကြလေ့ရှိတယ်။
-
ပြီးတော့ ရှေးဟောင်းသမိုင်းဝင် ဘုရင့်နောင် မင်းတရားကြီးရဲ့ ခေါင်းလောင်းတော်ကိုလည်းလေ့လာကြတယ်။ ရွှေစည်းခုံ ဘုရားကြီးရဲ့ အံ့ဖွယ်ကိုးပါးကိုလည်း စိတ်ဝင်တစား လေ့လာကြတယ်။ အဲဒါအပြင်  ဘုရားဖူး  လာရောက်ကြ တဲ့ ဧည့်သည်တွေ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ဖို့  ရွှေစည်းခုံဂေါပက အဖွဲ့ကလည်း လုံခြုံရေး၊ သန့်ရှင်းရေး၊ အလှူခံဌာန၊ ကွပ်ကဲရေးရုံး၊ ရေ၊ မီး၊ လျှပ်စစ်ကဏ္ဍတွေအတွက် ရွှေစည်းခုံဘုရားကြီး ဘက်ပေါင်းစုံ ထိန်းသိမ်းနိုင်ဖို့ ဝန်ထမ်းပေါင်း ၇ဝ ကျော်၊   ဂေါပကဥက္ကဋ္ဌအဖွဲ့ ၁၇ ဦးနဲ့ နေ့စဉ်ဘုရားကြီး ဝေယျာဝစ္စတွေ ဆောင်ရွက်ပေးနေပါတယ်''ဟု ရွှေစည်းခုံဘုရား ဂေါပက ဒုတိယဥက္ကဋ္ဌက ပြောသည်။
-
ပြည်တွင်းပြည်ပဘုရားဖူး ဧည့်သည်များသည် တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်အတွင်း သမိုင်းဝင် တန်ခိုးကြီးဘုရားများ ဖြစ်သည့် ရွှေစည်းခုံ၊ ဓမ္မရာဇက၊ မနူဟာဘုရား၊ မြစေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ သဗ္ဗညု ဘုရား၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ ငှက်ပစ်တောင်စေတီ၊ စူဠာမဏိစေတီ အစရှိသည့် ဘုရားများသို့ လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။     
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment