နေပြည်တော် အောက်တိုဘာ ၁၅
-
၂ဝ၁၈ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ တောင်ငူလေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် အရာရှိ၊ စစ်သည်၊
-
မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြော ကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့် အတူ ပြိုင်ပွဲ ပထမနေ့ ယှဉ်ပြိုင် ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း ဌာနချုပ်များနှင့် လေတပ်စခန်းများမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းဖြင့် အောက်တိုဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment