Pages

Thursday, October 11, 2018

တမူးမြို့  ၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

တမူး  အောက်တိုဘာ ၉ 
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တမူးမြို့နယ် စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပ စွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၉ 
နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့ လွတ်လပ်ရေး ကျောက်တိုင် ပန်းခြံရှေ့၌ ကျင်းပသည်။ 
-
ဆန္ဒဖော်ထုတ်ပွဲတွင် တမူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမြင့်ကြိုင် (ငြိမ်း)က ''ယနေ့ ပြုလုပ်တဲ့ပွဲကတော့ တမူးမြို့နယ်အတွင်း နေထိုင်ကြတဲ့ စစ်မှုထမ်း ဟောင်းအဖွဲ့တွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်
တာဖြစ်ပါတယ်။ စုစုပေါင်းအင်အား ၁၅၅ ဦး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို လုပ်ဆောင်ခြင်းကလည်း မြန်မာ့တပ်မတော်အပေါ် ဖိအားပေး လုပ်ဆောင်နေတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံစစ်မှု
ထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံးက မြန်မာ့တပ်မတော် အပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို သိရှိနားလည် နိုင်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် တမူးမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၅၅ ဦးက နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံနှစ်ပုံတို့အား
ကိုင်ဆောင်၍ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သက် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊
APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ် အပါအဝင် ၆၃ ကြိမ် စုစုပေါင်း အင်အား ၅၉၃၂၅ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံ တစ်ဝန်းတွင် 

တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment