ဘူးသီးတောင် အောက်တိုဘာ ၁၂
-
ဘူးသီးတောင်-မောင်တော စစ်မှုထမ်းဟောင်းများ
မျက်နှာစုံညီတွေ့ဆုံပွဲနှင့် တပ်မတော်
ထောက်ခံပွဲပြုလုပ်ခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီ ၁ဝ မိနစ်တွင်
ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ် စစ်မှုထမ်းဟောင်းရုံး၌
ကျင်းပသည်။
-
ရှေးဦးစွာ ပြည်နယ်
စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးလှဖြူ(ငြိမ်း)နှင့် စစ်မှုထမ်းဟောင်း
အဖွဲ့ဝင်များက ရုံးရှေ့ရှိလမ်းမဘေး၌ တပ်မတော်စွမ်းမှ
တိုင်းပြည်အေးချမ်းမည်၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊
မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော
Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည် စသည့် စာသားများပါသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်ကြသည်။
-
တပ်မတော်ထောက်ခံမှုပွဲများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈
ခုနှစ်အတွင်းယခုအကြိမ်အပါအဝင် ၆၈ ကြိမ် စုစုပေါင်းအင်အား ၅၉၄ဝ၃၈ ဦးဖြင့်
ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းတွင်
တပ်မတော်ထောက်ခံပွဲများဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
-
ဖြူဖြူဝင်း
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment