Pages

Thursday, September 13, 2018

မိုင်းညှင်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၂၅၄၅ ပြား ဖမ်းဆီးရမိ



မိုးညှင်း ၁၃-၉-၂၀၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအဝင် ငါးကန်အနီးတွင် တောင်းစိမ်းလေး ကျောက်စိမ်းမှော်က ပြန်လာသူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၅၄၅ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ်(၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု မိုးညှင်းမှ ရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့၊ မော်ဟန်ရဲကင်းစခန်းမှ ဒုတိယရဲအုပ် ဇော်လင်းနှင့်အဖွဲ့၊ သက်သေများ ပါဝင်သော အဖွဲ့တို့သည် စက်တင်ဘာ ၁၁ ရက် ည ၈နာရီက မူးယစ်ဆေးဝါး သတင်းအရ မော်ဟန်ကျေးရွာအဝင် ငါးကန်အနီးတွင် စောင့်ဆိုင်းနေစဉ် တောင်းစိမ်းမှော်ဘက်မှ မော်ဟန်ရွာဘက်သို့ KENBO 125 နီ၊ နက်ကျားဆိုင်ကယ်ကို ငယ်စိုး မောင်းနှင်ပြီး ညိုမောင်(ခ)ဝင်းရွှေနောက်တွင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ညိုမောင် (ခ) ဝင်းရွှေ ဝတ်ဆင်ထားသည့် ဘောင်းဘီတို ခါးတွင်လိပ်၍ သယ်ဆောင်လာသော အပြာရောင် ကပ်ခွာအိတ် အတွင်းမှ 88/1 စာတန်းပါစိတ်ကြွ ဆေးပြား ၂ဝဝစီပါ ၁၂ထုပ်၊ စိတ်ကြွဆေးပြား ၁၄၅ ပြားပါတစ်ထုပ် စုစုပေါင်းဆေးပြား ၂၅၄၅ ပြား အလေးချိန် ၂၅၄ဒသမ၅ဂရမ် ကာလတန်ဖိုးငွေကျပ် ၂၅၄၅ဝဝဝ တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ညိုမောင်(ခ)ဝင်းရွှေ မမုံကိုင်ကျေးရွာ မိုင်းနောင်ကျေးရွာအုပ်စု မိုးညှင်းမြို့နယ်နေသူ၊ ငယ်စိုး(နေရပ်လိပ်စာတူ)တို့ကို မိုးညှင်းမြို့မရဲစခန်းက မယ(ပ)၁၇ဝ/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment