Pages

▼

Wednesday, September 12, 2018

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်



နေပြည်တော် ၁၂-၉-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာချောင်ချိရေး အတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဒေသခံပြည်သူ ၁၂ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။ 

အဆိုပါ လေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံ ပြည်သူနှင့် တပ်မတော်သား ၁၂ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည် ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment