Pages

Wednesday, September 12, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်




နေပြည်တော် ၁၂-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ (၃၉)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အဖွဲ့ဝင်များ၊ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ 

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို တိုင်း/တပ်မဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၂၁ သင်းဖြင့် စက်တင်ဘာ ၂၁ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment