Pages

Thursday, September 13, 2018

မှော်ဘီမြို့နယ်၊ မြိုင်သာယာကျေးရွာရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (ရန်ကုန်-၁) နေစစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၁၃-၉-၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြိုင်သာယာကျေးရွာရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(ရန်ကုန်-၁)နေ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာန ချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင် ၁၁၁ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ တုပ်ကွေး ရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများနှင့် ရောဂါရှာဖွေစမ်း သပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment