Pages

▼

Friday, August 17, 2018

ရွှေကျင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု





နေပြည်တော် ၁၇-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွား ရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၅၅ ဦးအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရွှေကျင်မြို့ရှိတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ၍ လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးကုသပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံဝင်းအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment