Pages

▼

Tuesday, June 5, 2018

ပြည်တွင်းဆေးဝါး စက်ရုံများမှ ဆေးဝါးများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချ ပေးနေ



နေပြည်တော် ၅-၆-၂ဝ၁၈

ပြည်တွင်းဆေးဝါး စက်ရုံများမှကို ပြည်တွင်းဆေးဝါး လိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းထိ ဖြည့်ဆည်း ထုတ်လုပ် လာနိုင်သည့်အပြင် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ ပေးနေပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးစက်ရုံများ ဖြစ်သည့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံ (အင်ရောင်း)နှင့် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ဆေးဝါးစက်ရုံတို့မှ ဘီပီအိုင်ဆေးဝါး ထုတ်လုပ်နိုင်မှုမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလီယံ ၅ဝ တန်ဖိုးထိ တိုးတက်ထုတ်လုပ် နိုင်ခဲ့၍ ပြည်တွင်း ဆေးဝါးလိုအပ်ချက်၏ ၁၅ရာခိုင်နှုန်းထိ တိုးတက်ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနအနေဖြင့် အများပြည်သူ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က သတ်မှတ်ထားသည့် GMP Guide Line များနှင့်အညီ ထုတ်လုပ် ဖြန့်ဖြူးပေး နေခြင်းဖြစ်ပြီး အဆိုပါ ထုတ်လုပ်သည့် ဆေးဝါးများကို သိုလှောင် သိမ်းဆည်းရာတွင် အရည်အသွေးထိခိုက်မှု မရှိစေရေးအတွက် ခေတ်မီဆေးဝါး သိုလှောင်ရုံ (Automated Storage and Retrieval System Warehouse) များတည်ဆောက်ကာ သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဆေးဝါး စက်ရုံများမှ ထုတ်လုပ်နေသည့် ဆေးဝါးများမှ မြွေဆိပ်ဖြေဆေးများကို တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၂၂ ဈေးနှုန်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေး အဆိပ်ဖြေဆေး (အေးခဲခြောက်)(Freezedried) အလုံး ၃ဝဝနှင့် လာအိုနိုင်ငံသို့ အလုံး ၂ဝဝ တင်ပို့ ရောင်းချခဲ့ပြီး ဖြစ်သည်။ ယခုအခါ မြန်မာ့ဆေးဝါး စက်ရုံမှ ထုတ်လုပ်နေသည့် ဘီပီအိုင် ဆေးဝါးများကို အယ်လ်ဂျီးရီးယား နိုင်ငံသို့ တင်ပို့ရောင်းချ ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment