Pages

Monday, June 18, 2018

မိုးညှင်းမြို့နယ်တွင် အမှတ်(၅၅)အဆန် အထူးအမြန်ရထား ဘီးချော်မှုဖြစ်ပွား



မိုးညှင်း ၁၈-၆-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း နန်းမားကျေးရွာနှင့်မြို့သစ်ကလေး ကျေးရွာကြားတွင် ယနေ့ နံနက် ၇ နာရီ ၃၈ မိနစ်က မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ ထွက်ခွာလာသော အမှတ် (၅၅) အဆန်အထူးအမြန် ရထားဘီးချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်ခေါင်းမောင်း ဦးမောင်နိုင်မောင်းနှင်ပြီး ရထားထိန်း ဦးဆန်းဝင်းလိုက်ပါလာသော အမှတ် (၅၅) အဆန် လူစီးအထူးအမြန်ရထားစက်ခေါင်းအမှတ် DD---- သည် မိုးညှင်းမြို့နယ် နန်းမားကျေးရွာနှင့် မြို့သစ်ကလေး ကျေးရွာကြား မိုင်တိုင်အမှတ် (၆၄၅။၁၈)နှင့် (၆၄၅။၁၉) ကြားတွင် ဘရိတ်တွဲ ရှေ့ဘီးချော်ကျခဲ့သဖြင့် ရထားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါအချင်း ဖြစ်ပွားရာသို့ မြန်မာ့မီးရထားတိုင်း (၁) ပို့ဆောင်ရေးမန်နေဂျာ ဦးအေးသိန်းနှင့် အဖွဲ့က ရထားများ ပုံမှန်သွားလာနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ဆက်လက်ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ရထားဘီး လမ်းချော်မှုကြောင့် ခရီးသွားပြည်သူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment