Pages

▼

Monday, July 10, 2017

ပိတ်ချင်းမြောင်သဘာဝလိုဏ်ဂူ၌ ယခုနှစ်ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည်များကို ငွေကြေးကောက်ခံရန် အစီအစဉ်မရှိသေးဟုဆို



ပြင်ဦးလွင် ၁၀-၇-၂၀၁၇

ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိသည့် ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူ၍ ယခုနှစ်ခရီးသွား ရာသီတွင် ပြည်ပခရီးသွား ဧည့်သည်များကို ငွေကြေးကောက်ခံရန် အစီအစဉ်မရှိသေးကြောင်း အဆိုပါ လိုဏ်ဂူဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်တစား သွားရောက်လည်ပတ်သည့် နေရာများထဲတွင် ပြင်ဦးလွင်မြို့နယ် သည်လည်း လည်ပတ်စရာကောင်းသည့် နေရာတစ်နေရာဖြစ်ပြီး ထိုသို့ လည်ပတ်စရာ နေရာများဖြစ်သည့် ပွဲကောက်ရေတံခွန်၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်စသည့် နေရာများအပြင် ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူကြီး သို့လည်း စိတ်ဝင်တစား လာရောက်လည်ပတ် လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော် ကြီးသည် နှစ်ပေါင်းရာထောင်ချီ ကတည်းက ရှိခဲ့သည့် လိုဏ်ဂူကြီးဖြစ်ပြီး ထိုလိုဏ်ဂူအတွင်းသို့ လာရောက် လည်ပတ်ကြသည့် ပြည်ပခရီးသွား ဧည့်သည်များကို ၂ဝ၁၅ခုနှစ်ခရီးသွားရာသီမှစ၍ ငွေကြေးကောက်ခံရန် စီစဉ်ခဲ့သော်လည်း ယခုလက်ရှိ အချိန်တွင် ထိုကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို လိုဏ်ဂူအတွင်းသို့ ဝင်ရောက်လေ့လာရာတွင် အခကြေးငွေ ကောက်ခံသွားရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ယခုလက်ရှိတွင် ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်၌ ပြည်တွင်း၊ ပြည်ပခရီးသွား တစ်ရက်လျှင် ပျမ်းမျှဦးရေ ၆ဝဝဝခန့် ဝင်ရောက်လည်ပတ် လျက်ရှိပြီး ခရီးသွားဧည့်သည် များအတွက် ညအိပ်ညနေ တည်းခိုနိုင်မည့်တည်းခိုဆောင်များ ကိုလည်း ထားရှိပေး ထားကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment