Pages

▼

Tuesday, June 27, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သိမ်းဆည်းရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေမှုကို တွေ့ရစဉ်။

မန္တလေး ၂၇-၆-၂၀၁၇

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရွှေမန်း တောင်အားကစားကွင်း၌ ယနေ့တွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထိမ်းအမှတ် သဝဏ်လွှာကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ဖတ်ကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ စိတ်ကြွဆေးများ၊ ထိန်းချုပ် ဓာတုဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီး ပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment