Pages

▼

Thursday, March 16, 2017

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ ထားမှုအား တပ်မတော်မှ ရှင်းလင်း


TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ်များအား လက်နက်ငယ်များဖြင့်
 ပစ်ခတ်ထားသည်ကို တွေ့ရစဉ်

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ်ဘီးများအား လက်နက်ငယ်များဖြင့်
 ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ထားမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က ဟိုနောင်ကျေးရွာ အနီးရှိ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် ၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့် ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ ထားရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ခြင်းများသွားရောက် ဆောင်ရွက် ခဲ့ရသည်။

အဆိုပါနေရာ၌ ၂၂ ဘီးယာဉ်သုံးစီး၊ ၁၂ ဘီးယာဉ် နှစ်စီး၊ ဒိုင်နာတစ်စီးနှင့် ဆီဘောက်ဆာယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ခုနစ်စီးတို့ဖြင့် လမ်းကြောင်းပိတ်ဆို့ ထားရှိသည်ကို တွေ့ရှိရပြီး အတက်အဆင်း ယာဉ် များ ပုံမှန်သွားလာ နိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၅ နာရီခန့်တွင် မော်တော်ယာဉ်များ ပုံမှန်သွားလာ နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment