Pages

▼

Wednesday, March 15, 2017

၂၀၁၆-၁၀၂၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်း၌ သဘာဝတောကျန် ဧက ၁၀၀၀၀ ကို ကာကွယ်ထိန်းမှုများ ပြုလုပ်နိုင်ခဲ့



မန္တလေး ၁၅-၃-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သဘာဝ တောကျန် ဧက ၁ဝဝဝဝ ကို ကာကွယ် ထိန်းသိမ်း မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီး ဌာန ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းထွန်း ထံမှ သိရသည်။

''ထိန်းသိမ်း ကာကွယ်တဲ့ ဧရိယာ ထဲမှာ တချို့တွေ က အရင်တုန်းက ခိုးခုတ် သွားလို့ သစ်ငုတ် တိုကြီး ဖြစ်ပြီး ကျန်ခဲ့တယ်။ အဲဒီမှာ မိုးရွာတော့ သစ်ငုတ် အပေါ်ပိုင်း ရေတွေ တင်ကျန်ပြီး သစ်ပင်ပုပ် သွားတာ တွေရှိတယ်။ အဲဒီလို တွေမဖြစ် ရအောင် ကျွန်တော်တို့ အနေနဲ့ တစ်ဖက်ကို စောင်းလေးလုပ် ပေးတာမျိုး တွေလဲ လုပ်ဆောင် ပါတယ်။ ဒါမှရေက အပေါ်မှာ  မတင်ဘဲနဲ့ အောက်ထိ ကျပြီး အပင်က ဆက်ရှင် လာမှာပါ''ဟု မန္တလေးတိုင်း ဒေသကြီး အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ သဘာဝ တောကျန် ဧရိယာများ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်း များ၌ ကွင်းဆင်း တိုင်းတာ ကာကွယ် ထိန်းသိမ်း မည့်ဧရိယာ သတ်မှတ်ခြင်း ၊သဘာဝ တောဧရိယာ အတွင်း သွားလာရန် လမ်းများ ဖောက်လုပ်ခြင်း၊ ထိန်းသိမ်း ကာကွယ်မည့် ဧရိယာ အတွင်းရှိ အပင်များ စာရင်း ကောက်ယူခြင်း၊ အဆိုပါ ဧရိယာ အတွင်းရှိ အပင်ငယ် များကို ဓမ္မတာ အတိုင်း မျိုးဆက်ခြင်းနှင့် ပျက်စီးမှု ဖြစ်ပေါ် နေသည့် အပင်များ ဆက်လက် ရှင်သန်ရေး လုပ်ဆောင်ခြင်း အစ ရှိသည် တို့ကို ဆောင်ရွက် လျက်ရှိ ကြောင်းသိ ရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ (၂၁)

No comments:

Post a Comment